You Are Here: Home - ဆောင်းပါး - အတိုက်အခံတွေ ဆန္ဒပြတာ သမိုင်းမှာ မထားခဲ့ နိုင်




အတိုက်အခံတွေ ဆန္ဒပြတာ သမိုင်းမှာ မထားခဲ့ နိုင်
ခုတော့လည်း ဤစကားကို မေးခွန်းထုတ်နေမိဖြစ်ရတော့သည်။ တနေ့ က အမေရိကန်ပြည်ထောင်စု ဘာဖန်လိုမြို့ မှာ ချီလီ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြပွဲ တောင်းဆိုကြသည်ကို တွေ့ ရသည်။ ပြီးတော့ လားရှိုးသိန်းအောင်က နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး သီချင်းတပုဒ်ကို လွှင့်လာတာတွေ့ ရသည်။ သို့ ဆိုလျှင် သီချင်းမှာပါသော စာသားအတိုင်း သူတို့ တွေက နိုင်ငံရေးအကျဉ်းသားတွေ မလွပ်မြောက်သေးသမျ ဆက်ပြီး ဆန္ဒပြ ဆက်ပြီး တောင်းဆိုနေကြမည်မှာ သံသယ ကင်းစရာ မလိုပေ ။ မင်းကိုနိုင်တို့  ခွန်ထွန်းဦးတို့  မလွပ်မြောက်သေးသမျှ သူတို့  တောင်းဆိုတိုက်ပွဲ ၀င်နေကြမည်မှာ အသေအချာဖြစ်သည်။ သည်တော့ စဉ်းစားစရာတွေ အများကြီး ဖြစ်လာသည်။ ပထမတချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပါတီဝင်များကို ပြည်တွင်းမှာပါမက ပြည်ပမှာပါ အဖွဲ့ ဝင်များကို လျောက်လွှာပေးပြီး ၀င်ခိုင်းနေရာ ပြည်ပရှိသူတို့ မှာ လျောက်လွှာကို လက်ခံပြီး ၀င်ကြမည်သေချာသည်။ မ၀င်မည့်သူများကလည်း ရှိနေအုံးမှာဖြစ်သည်။
သို့ အတူ ပြည်တွင်းမှာ ရွေးကောက်ပွဲ ကျင်းပတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်မည်မို့  ( ၄ရ ) နေရာတိုင်းတွင် မရရင်တောင်မှ အများအပြား ရွေးကောက်ခံရဖွယ် ရှိသည်။ ယင်းအထဲ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့ နယ်မှ ကိုယ်စားလှယ်အဖြစ်လည်း အရွေးခံရမည်မှာ သေချာသွားပြီဖြစ်သည်။ တချိန်တည်းမှာပင် သမတအကြံပေး ဦးနေဇင်လတ်ပြောသလို အစိုးရအဖွဲ့ တွင် အဖွဲ့ ဝင်အဖြစ် နေရာပေးခံရဖွယ် ရှိသည်ဟု တနေ့ က ပြောသွားသည် ။ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တော့ အစိုးရအဖွဲ့ ထဲမှာ ပါဝင်နိုင်သွားပြီကို မည်သူမဆို သိရှိပြီးသား ဖြစ်နေသော ကိစ္စဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းရှိနေရာ သမတဦးသိန်းစိန်က ယင်းရည်အချင်းများကို ကောင်းစွာအသုံးချဖြစ်လျှင် မြန်မာနိုင်ငံအတွက် ကောင်းမွန်တိုးတက်သော လက္ခဏာများ မြင်တွေ့ နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အားလုံးသော နိုင်ငံများစွာကလည်း အကောင်းမြင် ကြည့်ရှုနေကြသည်ကို မြင်ရသည်။ သို့ သော် တနေ့ က ဗြိတိသျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလျှံဟိတ်က နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးသမျှ ဘာမှ မရ ဆိုသော စကားကို နှစ်-၅၀- အတွင်း မျက်နှာလာပြသော ပုဂ္ဂိုလ် တဦးအနေဖြင့် ပြောဆိုသွားခဲ့ သည်ကို ကြားကြရသည်။
ထို့ ကြောင့် တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပြန်ပေးဆွဲ ထားသလို ဆွဲထားပြီး မင်းကိုနိုင်တို့ ကို ဓါးစာခံလုပ်ထားသော သမတ ဦးသိန်းစိန်အစိုးရမှာ တခုခုတော့ ဖြေရှင်းပြရမည်ဖြစ်သည်။ ကချင်ပြည်နယ်ဖက်တွင် အပစ်အခတ်ရပ်စဲပေးရန် သမတဦးသိန်းစိန်က လက်မှတ်ထိုး အမိန့် ပေးသည်ကို ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်က ချက်ချင်း ရပ်တန့် လိုက်သည်ဟု ဆိုလျင် ကနေ့ မြန်မာနိုင်ငံ၏ ကံကြမ္မာကို သမတဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော်က ဦးဆောင် နေသည်ဟု ပြောလျှင် ယုံနိုင်စရာကောင်းသည်။ ခုတော့ သမတဦးသိန်းစိန်၏ အမိန့် သည် မင်းအောင်လှိုင်၏ အိမ်သာသုံးတစ်ရှူး စာရွက်လောက် တန်ဖိုး မရှိ အသုံးမကျ ဖြစ်သွားသည်မှာ ရှက်စရာဖြစ်သည်။ သမတ ဦးသိန်းစိန်၏ အထက်မှာ လက်နက်ကိုင် အဖွဲ့ နှင့် ယင်းအဖွဲ့ ကို ကြိုးကိုင်ထားသော စစ်အာဏာရှင် ဦးသန်းရွှေတို့ က ရှိနေပြီးသား ရှိသည်ကို ငြင်းဆန်၍မရ ။ သူတို့ ရှိနေခြင်းကြောင့်သာ မင်းကိုနိုင်တို့ ကို မလွှတ်ပေးခြင်းဖြစ်သည်။ မလွှတ်ပေးခြင်းမှာ ပြသနာမဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ က အစိုးရအဖွဲ့ ထဲတွင် ပါဝင်သွားပြီဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီး ရှိနေလို့ ကတော့ အတိုက်အခံခေါင်းဆောင်ပါဟု ကမ္ဘာက အသိအမှတ်ပြုထားသောသူအဖို့  ကြီးလေးသော နိုင်ငံရေးချိန်ခွင်လျာတခုကို ညှိယူရမှာဖြစ်သည်။ ယင်းချိန်ခွင်လျာသည် ကိုယ့်ဖက်ကိုသာ မစောင်းလာခဲ့ လျင် အစိုးရအဖွဲ့ မှာ ချက်ချင်းနုတ်ထွက်သွားနိုင်စရာ ရှိသည်ကို သမတဦးသိန်းစိန်အစိုးရက သိထားဖို့ လိုသည်။
ပြီးတော့ ဆန္ဒပြနေသော ပြည်ပရှိ အတိုက်အခံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည့်ပါဝင်သောအစိုးရကို ဆက်ပြီး ဆန္ဒပြရန် သင့်မသင့် ဆိုသော ပြသနာက ရှေ့မှာ ရှိနေပြီဖြစ်သည်။ အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ သမတ ဦးသိန်းစိန်အစိုးရထဲတွင် ပါဝင်သွားပြီဆိုလျင် အတိုက်အခံဖြစ်နေခဲ့ သော မဟာမိတ်အချင်းချင်း ယင်းအချိန်မှာ အိုးစားကွဲကြရပြီဖြစ်သည်။ ပြီးတော့ ပြည်ပရှိအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များကလည်း ဆက်လက်ပြီး အဖွဲ့ ဝင်များ ဖြစ်သွားသောအခါ သူတို့ သည်လည်း အစိုးရအဖွဲ့ နှင့် ဆက်သွယ်စရာများ ကြုံလာရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ ဝင်ဖြစ်သွားပြီဆိုသည်နှင့် ပြည်ပရှိအဖွဲ့ ဝင်များသည် နိုင်ငံတကာရှိ မြန်မာနိုင်ငံသံရုံးမျာျးနှင့် သဟဇါတကျစွာ ကူးလူးဆက်ဆံရတော့မည်ဖြစ်သည်။ ယင်းသို့  ဆက်ဆံနေချိန်မှာ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးအတွက် တချို့ က သံရုံးရှေ့ ဆန္ဒပြနေကြပြီဆိုလျင် အိုးစားကွဲပြီဟု ဆိုသော စကားထက် ပြောစရာ မရှိတော့ ။
အရေးကြီးသည့်အချက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များက သံရုံးအမှူထမ်းများ ဖြစ်သွားနိုင်စရာ အခြေနေ ဖြစ်သွားနိုင်သည် ။ တိတိကျကျ ပြောရလျင် သမဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဆိုင်ရာ သံအမတ်ကြီး အဖြစ်သော်၎င်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်လှယ်အဖြစ်သော်၎င်း ၊ ခန့် အပ်လိုက်ပြီဆိုပါက ရှေ့ဆက်ဘာများ ပြောစရာ ရှိနိုင်ပါတော့မည်နည်း ။ အစိုးရအဖွဲ့ ဝင်ဖြစ်သွားပြီဆိုတော့ ငြင်းပယ်၍ရသလို ငြင်းပယ်၍လည်း ကောင်းသော စံနုံး မဟုတ်။ သူတို က ပြောစရာ တခုသာ ရှိသည် ။ ကမ္ဘာ့ကုလသမဂ္ဂအပါဝင် နိုင်ငံတွေက ဒေါ်စုနှင့် ထဲထဲဝင်ဝင် တွေ့ နိုင်ကြရအောင် အမေရိကန်ပြည်ထောင်စုမှာဖြစ်ဖြစ် ဆွီဇါလန်မှာနိုင်ငံ ဂျီနီဗာရှိ ကုလသမဂ္ဂရုံးမှာဖြစ်ဖြစ် မြန်မာနိုင်ငံအစိုးရအဖွဲ့ ဝင် တဦးအနေနှင့် နေ-နေပေးပါဟု ဆိုလိုက်မှဖြင့် အကြီးကြီး ပြသနာတွေ ဖြစ်သွားနိုင်သည်။ အဓိကပြသနာမှာ ပြည်တွင်းမှ ပြည်သူတွေက ဒေါ်စုကို အားကိုးယုံကြည် ချစ်ခင်နေကြရာ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးအတွက်လည်း အထူးအားကိုးမျှော်လင့် နေကြသူများဖြစ်သည်။ ပြီးတော့ တိုင်းရင်းသားတွေက ပြည်တွင်းစစ်ပြသနာတွေက မပြီးဆုံးသေးရာ ယင်းအကြောင်းအရာကလည်း ရုပ်သေးအစိုးရအဖို့  မဖြေရှင်းနိုင်သော အချက်အလက်တခုဖြစ်သည်။ ယခုဆိုလျှင် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အပစ်အခတ်ငြိမ်းချမ်းရေး စာချုပ်များ လက်မှတ်ရေးထိုးနေကြရာ ယင်းအချက်ကို နောက်ကြေင်းပြန်မလှည့်ရန် လိုသည်။
နောက်တချက်မှာ ယခုအချိန်ထိ ပြည်သူ့ လွှတ်တော်မှ နိုင်ငံတကာရှိသံရုံးများတွင် အစိုးရမှ စေလွှတ်သော ကိုယ်စားလှယ်များကို သံအမတ်ကြီးအဖြစ် တာဝန်မအပ်နှင်းသေးခြင်းပင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်တွေက ရိုက်သတ်လို့  မကုန်လောက်အောင် ရှိနေချိန်မှာ ပြည်ပမှာရှိသော သံအမတ်ကြီးအဖြစ် မည်သူ့ ကိုမျ မခန့် အပ်သေး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ခန့် အပ်ခဲ့ ပါက စောစောက ပြောသလို ပြသနာတွေက တန်းစီသွားစရာတွေ ဖြစ်သွားနိုင်သည် ။ ပထမဆုံး ရင်ဆိုင်ရသူမှာ သမတဦးသိန်းစိန်က သူမွှေးသောမီးကို သူမငြိမ်းသတ်နိုင်ခြင်းက စလာစရာရှိသည်။ အကယ်၍ ဒေါ်စုကို သံအမတ်ရာထူးကို ရွေးချယ်ခန့် အပ်သည်နှင့် အဓိက ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်က ယင်းကိစ္စကို လက်မခံ သလို ဒေါ်စုကလည်း လက်သင့်စရာ အကြောင်းမရှိ။ ဒေါ်စု လက်မခံ၍ နုတ်ထွက် လိုက်သည်ဆိုက အကြောင်းမဟူုတ်။ မင်းအောင်လှိုင်က လက်မခံခြင်းမှာ အစိုးရအဖွဲ့ အတွင်း ဂယက်အုပ်စုတွေ ဖြစ်လာနိုင်စရာ ရှိသည်။ ပြီးတော့ သံအမတ်ကြီးရာထူးကို လွှတ်တော်ကိုယ်စားလှယ်တွေက မရရှိသေးခြင်းမှာလည်း ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးရမည့်အချက်ဖြစ်နေသည်။ တော်လှန်ရေးကောင်စီလက်ထက်က ဗိုလ်ချုပ်နေ၀င်း လုပ်ခဲ့ သော စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၏ နည်းလမ်းထဲက အချက်တခုမှာ သံအမတ်ကြီးအဖြစ် နယ်နှင်ဒဏ် ခန့် အပ်တာဝန်ပေးရေးလည်း တခုအပါအ၀င်ဖြစ်သည် ။ ယခုခန့် အပ်ထားသော သံအမတ်ကြီးများမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က စိတ်ကြိုက်ရွေးချယ် ခန့် အပ်ထားခဲ့ သော စစ်အာဏာရှင်စနစ်ကို အကောင်အထည် ဖေါ်ဆောင်ရန် တာဝန်ယူ ဆောင်၇ွက်နေသော စစ်ဘက်ဆိုင်ရာ အရာရှိတွေသာဖြစ်သည်။
ယင်းသံအမတ်ကြီးများကို ဆက်လက်ပြီး တာဝန်ပေးသင့်သလားဆိုသည်ကို ပြည်သူ့ လွှတ်တော် ညီလာခံမှာ အတည်ပြု ဆွေးနွေးရမည်ဖြစ်လာနိုင်စရာ ရှိသည်။ အကြောင်းမှာ သူတို့ သာ ရှိနေသေးလျင် မည်သည့်နည်းနှင့်မျ သမတ ဦးသိန်းစိန်အစိုးရ၏ အရပ်သားအစိုးရ သံအမတ်ကြီးလို့  မည်သူမျှ လက်ခံ ယုံကြည်စရာ အကြောင်းမရှိ ။ သို့ အတူ ယခုအချိန်ထိ ဆန္ဒပြနေကြသော အတိုက်အခံတွေမှာလည်း နိုင်ငံတကာရှိ သံရုံးအမှုထမ်းများကို စစ်ယူနီဖေါင်းဝတ် ပုဂ္ဂိုလ်များဟု မျက်စိထဲတွင် တန်းမြင်နေကြဆဲဖြစ်သည်။ ၂၀၁၂-ခုနှစ် တွင် ရွေးကောက်ပွဲဖြစ်သွားသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ အစိုးရအဖွဲ့ ထဲတွင် ပါဝင်ခဲ့ ပြီဆိုပါက ဆန္ဒပြပွဲများ ချုပ်ငြိမ်းသွားမည်လား ဆိုသည်မှာ စဉ်စားစရာဖြစ်သည်။ တခုတော့ ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပေးသမျ အတိုက်အခံများကတော့ ဆန္ဒပြပွဲကို ကျင်းပနေဖြစ်မည်ထင်ရသည်။ ဒေါ်စုရှိနေသောအစိုးရကို ဆန္ဒပြနေမည်ဆိုခြင်းမှလည်း သဘာဝတော့ မကျလှပေ။ သို့ သော် သမိုင်းမှာ အတိုက်အခံတွေက ဆန္ဒပြပွဲတွေကို ထာဝစဉ် ပြုလုပ်တောင်းဆိုနေကြရာ သူတို့ က အမြဲကြိုးပမ်းတောင်းဆိုနေကြမည်ဟု ဆိုသည်။ ယခုလည်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ရှိ လေဘာတီရုပ်ထုရှိရာကို သွားပြီး မိုးပျံဘူဖေါင်းလွှတ်ကာ လွပ်လွပ်ရေးရုပ်ထု၌ မလွပ်လွပ်သေးသော နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးအတွက် ပြုလုပ်ရန် ရှိနေသည်ကို ကြားရသည် ။ နယူးယောက်ပြည်နယ် အထက်ပိုင်း ဘာဖန်လို မြို့ မှာ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုမင်းနိုင်မှာ တလောက ၀ါရှင်တန်မြို့ ရှိ အိမ်ဖြူတော်ရှေ့၌ အမေရိကန်နိုင်ငံသားများနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ သလို ယင်းကအပြန် ဘာဖန်လိုမြို့ မှာလည်း ချီလီနိုင်ငံရေးအကျဉ်းသားများနှင့်အတူ မင်းကိုနိုင်တို့  လွပ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြနေခဲ့ သည် ။ယခုလည်း လေဘာတီရုပ်ထုရှီရာသို့  သွားပြီး ဆန္ဒပြတောင်းဆိုမှာဖြစ်ပြီး ကမ္ဘာသိ ကြေညာအုံးမည်ဟု ပြောသည်။ မာရသွန် ဆန္ဒပြပွဲကို ပြုလုပ်နေသူများမို့  နိုင်ငံရေးအကျဉ်းသားများ မလွပ်မြောက်သေးသမျှ ပြည်တွင်းစစ် မငြိမ်းချမ်းသမျှ အတိုက်အခံများအနေဖြင့် သမိုင်းမှာ နာမည်ကောင်းများကို မထားခဲ့ နိုင်ဘူး ဟု ပြောတော့ အားရလိုက်စရာ ကောင်းလှပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )
...............................................
Arakan Today မှကူးယူဖေါ်ပြသည်
Blogger Widgets