You Are Here: Home - ပီးစာ - သို့ 

သို့ 
ဦးသိန်းစိန်(သမ္မတ)
သမ္မတရုံး နေပြည်တော်
 
                                                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                                                                                            ရက်စွဲ၂၀၁၂-ခု ဇန်န၀ါရီ လ၁၆-ရက်
         အကြောင်းအရာ။                 ။ရွှေသဘာဝဓါတ်ငွေ့ မှ စွမ်းအင်အချို့ နှင့်                                                                                                    အကျိုးအမြတ်အချို့ ကိုရခိုင်ပြည်နယ်နှင့်ရခိုင်ပြည်သူများ သုံစွဲခွင့်ရရှိရေး။
        
                     အထက်ပါအကြောင်းအရာနှင့်ပါတ်သက်၍ သမ္မတကြီး နှင့် တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်င့တော်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ရခိုင်ပြည်သူများကိုယ်စားကျွန်တော်တို မှလေးစား ဂါရ၀ပြုကြောင်း မဏမ ပြောကြားလိုပါသည်။
ကျွန်တော်တို့ သည် ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ မပြိုကွဲရေး အချုပ်အခြာအာ ဏာတည်တန့် ခိုင်မြဲရေးကို ဦးထိပ်ထားပြီး ဤအိပ်ဖွင့်ပေးစာကိုရေးသားပေးပို့ လိုက်ရပါသည်။ ကျွန်တော်တို့ ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုရှိသည့်အနက် ဒုတိယ အ ဆင်းရဲဆုံးနှင့် ဖွံဖြိုးမှု့ အနည်းဆုံး ပြည်နယ်တစ်ခုအဖြစ်ကြားသိရသောအခါ အထူးဝမ်းနည်းမိပါသည်။ တိုင်းပြည်တစ်ခု၏ ဖွံဖြိုးတိုက်တက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စွမ်း အင်သည် အရေး ကြီးကြောင့်လေ့လာဆန်းစစ်သိရှိရပါသည်။ ယခုအခါ နိုင်ငံပိုင် ရေဒီယို ရုပ်မြင်သံကြား သတင်းစာနှင့် ပုဂ္ဂလိ ကဂျာနယ် တစ်ချို့ တို့ မှ ရေးသားထုတ်လွှင့်မှု့ကြောင်း ရခိုင်ပြည်နယ်ကျောက်ဖြုမြို့ နယ်ရှိ ရွှေသဘာဝဓါတ်ငွေ့ စွမ်းအင်ကို ပြည်ပနိုင်ငံမှ ပု၈္ဂလိကပိုင် ကုပမ္မဏီများနှင့် နိုင်ငံတော်အစိုးရမှ ပူးပေါင်းပြီး ထုတ်ယူရောင်းချရန် စီစဉ်နေကြေင်းသိရှိရပါသည်။
၎င်းသဘာဝဓါတ်ငွေ့ မှ ရရှိသော စွမ်းအင်အချို့ နှင့် အကျိုးအမြတ်တစ်ချို့ ကို ရခိုင်ပြည်နယ် ဒေသဖွံဖြိုး တိုးတက်ရေးနှင့် ရခိုင်ပြည်သူများ ဈေှးုန်းသက်သာစွာဖြင့်လျှပ်စစ်စွမ်းအင် သုးံစွဲခွင့်ရှ၇ှိစေ၇န် ပြည်ထောင်စု သမ္မတ မြန်မာနိုင့်တော် သမ္မတထံသို့ ရိုသေလေးစားစွာဖြင့် ဤအိတ်ဖွင့်ပေးစာကို ရေးသားညှိနှိုင်းပေးပို့ လိုက်ရပါသည်။ သမ္မကြီးအနေဖြင့်လည်း ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူအကျိုးအတွက် လုပ်ဆောင် အ ကောင်အထည်ဖေါ်ပေးလိမ့်မည်ဟု ကျွန်တော်တို့ မှ ယုံကြည်မျှော်လင့်မှု့ ကို အပြည့်အ၀ထားရှိမိပါသည်။
တပိုင်းပို့ လိုက်စွာ
စာလက်မခံ လို့  ဆက်ပို့ပါမေ

လေးစားစွာ ဖြင့်
ရက္ခအလင်းတန်း လူငယ်အဖွဲ့ (ပြည်တွင်း)

မိတ္တူ-
-ဦးတင်မောင်မြင့်ဦး(ဒု-သမ္မတ)
-ဦးစိုင်းမောက်ခမ်း(ဒုသမ္မတ)
-၀န်ကြီးများ(ပြည်ထောင်စု အစိုးရ အဖွဲ့ )
-ဦးလှမောင်တင်(၀န်ကြီးချုပ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့ )
-၀န်ကြီးများ(ရခိုင်ပြည်နယ် အစိုး၇အဖွဲ့ )
ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်(UNDP)






Blogger Widgets