You Are Here: Home - ပီးစာ , အမျိုးသားရီး - ရခိုင်နိုင်ငံတော်ကို ပြန်လို့  တည်ဆောက်ရဖို့  နည်းလမ်းအဆင့်ဆင့် စစ်တမ်း ( ရခိုင်သားတိအတွက် လှို့ ဝှက်စာတမ်း )


ရခိုင်လူမျိုးတိုင်းမှာ ဇါဘင်ဖြိုက်ဖြိုက် အမျိုးကို ချစ်တေလို့  ပြောကတ်စွာရာ ဖြိုက်ပါရေ ။ ယေဇူးနင့်လေး အခုအချိန်မှာ မျိုးချစ်ရခိုင်လို့ စီ စာရွီးကေ ထည့်ပနာ ရီး နီကတ်စော် မြင်နီရပါရေ ။ ချစ်ဖို့ ကောင်းရေ ဓလေ့တခုလို့  ပြောလို့ ရပါယင့်ထော ။ ယင်းပိုင်ဆိုကေ အမှန်ဘင် အမျိုးကို ချစ်တေ ရခိုင်လူမျိုးလို့ လား မီးခွန်းထုတ်ချင်ပါရေ ဒေ။ ချစ်တေနည်းလမ်းတိမှာ အဆင့်အဆင့် ဟိပါရေ ။ အမျိုးမျိုး ဟိကတ်ပါရေ ။ ပုံသဏ္ဍန်အမျိုးအစား အများကြီး ဟိပါရေ ။ ဇါဘင်ဖြိုက်ဖြိုက် ဇါလောက်ထိဘင် ကွဲပြား နီလီပါတ်စီ နောက်ဆုံး အန္တိမ ရည်မှန်းချက် ပန်းတိုင်မှာ အမျိုးကိုချစ်၍ ရခိုင်နိုင်ငံတော်ကို ပြန်လို့  ရလိုချင်ရေ စိတ်ဆန္ဒတိ ကိန်းအောင်းနီစော်ကိုတော့ မပြောကေလေး သိသာနိုင်ပါယင့် ။ ရခိုင်နိုင်ငံတော်ကား အမှန်ဘင် ရာဇ၀င်မှာ ဟိခပါလားချင့် ။ အမှန်ဘင် ရခိုင်နိုင်ငံတော် ကျဆုံးခရပါလားချင့် ။ ယင်းပိုင်ဖြိုက်လားခစော် ဇါလောက်ထိဘင် ဟိပါဗျန်လေချင့် ။ ဒေချင့်ကို သိထားကတ်ဖို့  လိုပါရေ မနားချင့် ။
ယင်းပိုင်ဆိုကေ
(၁ ) အမှန်ဘင် ရခိုင်နိုင်ငံတော်က ရာဇ၀င်မှာ ဟိခပါယင့်လား ။
ရခိုင်သမိုင်းကို သိကတ်တေလူတိုင်း ရခိုင်နိုင်ငံရီးကို လိုက်စားသူတိုင်း ရခိုင်နိုင်ငံတော်ကို အမှန်ဘင် ဟိခကြောင်း သိထားကတ်ပါရေ ။ တိတိကျကျ ပြောရဖို့ ဆိုကေ မာရယုမင်းကဘင် မဟာသမတရာဇါမင်းထိ ရခိုင်လူမျိုးရို့ မှာ ကိုယ့်ထီးကိုယ့်နန်းနင့် နီခကတ်ကြောင်း သမိုင်းဆိုင်ရာအချက်အလက်တိ အများကြီး ဟိခပါယင့် ။
( ၂ ) ရခိုင်နိုင်ငံတော်လို့  ကြီညာထားခရေအချိန်က မြောက်ဦးမြို့ ကို မင်းစောမွန်အုပ်စိုးဗြီးကေ -၂-နှစ်အကြာမှာ ဘ၀နတ်ထံစံပျော်လားရေအခါ ညီတော်ဖြိုက်သူ မင်းခရီက ထီးနန်းကို စိုးစံခပါရေ ။ မင်းခရီက ဗမာဘုရင်နင့် ဖိုးခေါင်တောင် ( ရခိုင်ရိုးမတောင်ပိုင်း ) မှာ ရခိုင်ရိုးမ၏ အနောက်ဖက်နယ်နိမိတ်မှာ ရခိုင်နိုင်ငံတော်ပိုင်လီ ။ ရခိုင်ရိုးမ အရှေ့ ဖက်ကို ဗမာဘုရင်ပိုင်လီ ဆိုပနာ နှစ်နိုင်ငံ နယ်နိမိတ်ကို စာချုပ်ချုပ်ဆိုခယင်းပင်း ရခိုင်နိုင်ငံတော်လို့  ကြီညာခစော် ရခိုင်သမိုင်းမှာပါ ဗမာသမိုင်းမှာပါ အထင်အယှား ဟိပါရေ ဒေ ။
( ၃ ) ရခိုင်နိုင်ငံတော် ကျဆုံးခရစော် ဟိခပါယင့်လား ။
ရခိုင်နိုင်ငံတော် ကျဆုံးခစော် အတိတ်က သမိုင်းမှာ အမှန်ဘင် ဟိခပါယင့် ။ ယေကေလေး တကြိမ်ထဲ မဟုတ်စော်ကို ခုခေတ်မျိုးဆက်သစ် လူငယ်တိက ရခိုင်နိုင်ငံရီးသမိုင်းကို တိတိကျကျ သိထားဖို့  လိုပါရေ ။
( က ) ပထမအကြိမ်မှာ မဟာသမတရာဇါလက်ထက် ( ၁၁၄၆-ခုနှစ် -( ၁၇၈၄-ခုနှစ် ) မှာ အောက်သားဘုရင် ဘိုးတ်ာမောင်ဝိုင်းက တိုက်ခိုက်လို့  ကျဆုံးခရစော် ဖြိုက်ပါရေ ။
( ခ ) ဒုတိယအကြိမ် အင်္ဂလိပ်တိက သိမ်းပိုက်တေအခါ အောက်သားလက်က အင်္ဂလိပ်လက်အောက်ကို ရောက်လားစော် ( ၁၈၂၅ -ခုနှစ် ) ဖြိုက်ပါရေ ။
( ဂ ) တတိယအကြိမ်မှာ ဒုတိယကမ္ဘာစစ်နင့် ဆက်စပ်လာပနာ ဂျပန်တိက အင်္ဂလိပ်တိကို တိုက်ခိုက်နိုင်ခလို့  ၁၉၄၁- ခုနှစ်- မှာ ဂျပန်ဘားမှာ ကိုလိုနီဖြိုက်ရပါသိရေ ။
( ဃ ) စတုတ္ထအကြိမ်မှာ အင်္ဂလိပ်တိက ဂျပန်ကို တိုက်ခိုက်နိုင်လို့  -၁၉၄၅-ခုနှစ်မှာ အင်္ဂလိပ်လက်အောက် ရောက်ရပါသိရေ ။
( င ) ပဉ္ဖမအကြိမ်မှာ အောက်သား လက်အောက်ကို ရောက်လားရစော်က မြန်မာနိုင်ငံကို အင်္ဂလိပ်တိက လွပ်လွပ်ရီးပီးရေအခါ -၁၉၄၈-ခုနှစ်မှာ ဖြိုက်ပါရေ ။
ဒေပိုင် ကိုလိုနီကျွှန်ဘ၀ကို ငါးကြိမ်တိတိ ရောက်လားစော်မှာ ရခိုင်လူမျိုးတိက ခုခံကာကွယ်ယင်းပင်း တိုက်ခိုက်ခရေ အချိန်တိ ဟိခပါရေ ။
( က ) ပထမအကြိမ်မှာ မဟာသမတရာဇါမင်းနင့်တကွ ရခိုင်လူမျိုးတိက တွန်းလှန်တိုက်ခိုက်ခကေလေး ကိုလိုနီလက်အောက် ရောက်ခရေ ယင်းအချိန်ကဘင်စလို့  နှစ် ( ၄၀ ) စစ်ပွဲကို ရခိုင်တော်လှန်ရီးသမားတိ ဆင်နွဲ နီခစော်ပါရာ ။
( ခ ) ဒုတိယအကြိမ် အင်္ဂလိပ်တိကို ရခိုင်လူမျိုးတိက ကိုလိုနီဖြိုက်လားဖို့ လို့  တိုက်ခိုက်ရစော်မဟုတ်ဘဲ အောက်သား လက်အောက်က လွပ်မြောက်ဖို့  အတွက် အင်္ဂလိပ်တိနင့် ပူးပေါင်းပနာ အောက်သားတိကို တိုက်ခိုက်ခစော်ပါရာ ။ ယေကေလေး ဂတိမတည်ရေ အင်္ဂလိပ်တိက ရန္တပိုစာချုပ်အရ ရခိုင်နိုင်ငံနင့် တနင်းသာရီကို သိမ်းပိုက်ရရေအပြင် မြန်မာနိုင်ငံတခုလုံးကိုပါ သိမ်းပိုက်ရကေလေး ရခိုင်နိုင်ငံတော်ကို ပြန်မပီးဘဲ အင်္ဂလိပ်နင့် ရခိုင်လူမျိုးရို့  ချုပ်ဆိုထားခရေ စာချုပ်ကတိက၀တ်ကို ဖေါက်ဖျက်ခပါရေ ။
( ဂ ) တတိယအကြိမ်ခါမှာလေး ဂျပန်လက်အောက်က လွပ်မြောက်ဖို့  ရခိုင်တော်လှန်ရီးသမားတိက ဖက်ဆစ်ဂျပန်တော်လှန်ရိးကို မြောက်ဦးမြို့ နယ် ပဒေးစခန်းကနီပနာ အယင်ဆုံး တော်လှန်၇ီး လုပ်ခပါရေ ။ ယင်းအချိန်မှာ အောက်သားလက်အောက်က လွပ်မြောက်ရီးမဟုတ်ဘဲ ဂျပန်လက်အောက်က လွပ်မြောက်ဖို့  တိုက်ခိုက်ခစော်ဖြိုက်ပနာ အောက်သား တော်လှန်ရီးသမားတိနင့် ရခိုင်တော်လှန်ရီးသမားတိက ပူးပေါင်းလားခစော်ဖြိုက်ပါရေ ။
မှတ်ချက် ။ ။ ရခိုင်နိုင်ငံတော်ပြန်လည်ရရှိရီးအတွက် ရခိုင်တော်လှန်ရီးမှာ ဒေအချိန်ကစလို့  လမ်းလွှဲလားခစော်ဖြိုက်ကြောင်း သိသာနိုင်ပါရေ ။ ယေဇူးနင့် တတိယအကြိမ်မှ ပဉ္ဖမအကြိမ်-ကိုလိုနီဖြိုက်လားရေအချိန်ထိ ရခိုင်တော်လှန်ရီးမှာ ပျောက်ကွယ်လားခရပါရေ ။
၁၉၄၈-ခုနှစ် ရခိုင်တော်လှန်ရီး အခြီအနီ
ဂျပန်ခေတ် ရခိုင် တော်လှန်ရီးသမားရို့ မှာ ဘုံပေါက်သာကျော်၏ တော်လှန်ရီး ခရီးဝယ် စာအုပ်အရ တယောက်နင့် တယောက် မညီညွတ်ဘဲ ကွဲပြဲလားခကတ်ကြောင်း သိရပါရေ ။ တော်လှန်ရီးမှာ အသုံးပြုခရရေ လက်နက်တိကို အင်္ဂလိပ်အစိုးရဘားမှာ အပ်လိုက်ရပါရေ ။ ။ အောက်သားနိုင်ငံရီးပါတီဖြိုက်တေ ဖဆပလ ပါတီနင့် ပူးပေါင်းလားသူတိ ဟိလားခကတ်ပါရေ ။ ယင်းအဖွဲ့ ကို အောင်ဆန်းက ဦးဆောင်ခရေပိုင် နောက်ပိုင်းမှာ ဦးနုက ဦးဆောင်ခပါရေ ။ ၁၉၄၇-ခုနှစ်မှာ ပင်လုံညီလာခံကို အောင်ဆန်းက လားလုပ်တေအခါ ရခိုင်တော်လှန်ရီးသမားတိက ဖဆပလပါတီမှာ ပါရေအတွက် အောင်ဆန်းရို့  သဘောအတိုင်း လုပ်ခကတ်စော်ပါရာ ။ ယင်းအချိန်က ဆရာတော် ဦးစိန္တာမှာ အင်းစိန်ထောင်မှာ ကျနီပါဗျန်ဒေ။ မြန်မာနိုင်ငံကို -၁၉၄၈-ခုနှစ် ပီးလားရေအခါမှာကား ပထမဆုံးမြန်မာနိုင်္ငငံအစိုးရအထဲမှာ ရခိုင်လူမျိုးတိက ၀န်ကြီးတိ ဖြိုက်လားခပါရေ ။ ယင်းချင့်မှာ ရခိုင်တော်လှန်ရီးသမားကြီးတိက ရခိုင်နိုင်ငံတော်ကို မရခဘဲ ပြည်နယ်အဆင့်တောင် မရခစော်ပါရာ ။ သဘောက အောက်သားလက်အောက်က လွပ်မြောက်အောင် တော်လှန်ရီး လုပ်ခစော်မဟုတ်ဘဲ အောက်သားတိနင့် ပူးပေါင်းလုပ်ပနာ နိုင်ငံရီးကို လုပ်ခစော်တိရာဖြိုက်ပါရေ ။
ပင်လုံညီလာခံသည် ရခိုင်နိုင်ငံတော်ကို ပျောက်ဆုံးခသော ညီလာခံဖြိုက်ရေ
၁၉၄၇-ခုနှစ်မှာ ကျင်းပခရေ ပင်လုံညီလာခံမှာ ရခိုင်လူမျိုးတိအတွက် ဇါတခုချေလေး ကောင်းကျိုးကို ဖန်တီးခစော်မဟုတ်။ အောက်သားအကျိုးကိုရာ ဖန်တီးခစော် ညီလာခံဖြိုက်တေ။ ယင်းအကျိုးဆက်မှာ လွပ်လွပ်ရီးပီးရေအခါ ယင်းပင်လုံညီလာခံစာချုပ်ပါ အချက်အလက်အတိုင်း မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေကို အတည်ပြုင်္ရီးဆွဲ ခကတ်စော်ဖြိုက်ပါရေ ။ ယေကေလေး အောင်ဆန်း သီလားခရေအခါ ဦးနုက ၀န်ကြီးချုပ်ဖြိုက်လားရေအခါ -၁၉၄၇-ခုနှစ်မှာ ဖေါ်ပြထားရေအတိုင်း ခွဲထွက်လိုက ခွဲထွက်ခွင့် ဆိုစော် ဥပဒေကို ပယ်ဖျက်ချင်ရေအတွက် နေ၀င်းက စစ်တပ်အားကိုးဖြင့် အာဏာသိမ်းယူလိုက်စော်ဖြိုက်ပါရေ ။ ယေဇူးနင့် ပင်လုံညီလာခံဆိုစော်က ရခိုင်နိုင်ငံတော်ကို ပျောက်ဆုံးအောင် လုပ်သော ညီလာခံလို့  ရခိုင်မျိုးဆက်သစ် လူငယ်တိုင်း သိနားလည်ဖို့  လိုပါရေ ။
ရခိုင်နိုင်ငံတော်အတွက် တော်လှန်ရီး လက်နက်ကိုင်များပေါ်ပေါက်လာကတ်ခြင်း ။
ရခိုင်နိုင်ငံတော်အတွက် လက်နက်ကိုင်တော်လှန်ရီးမှတပါး အခြား မဟိဗျန်ဆိုပနာ ဗိုလ်ချုပ်ထွန်းရွှေမောင် ဦးစီးရေ - AIO- ရခိုင်လွပ်လွပ်ရီးအဖွဲ့ အစည်း နင့် တပ်မတော် ပေါ်ပေါက်လာပါရေ ။ တချိန်တည်းမှာ ဗိုလ်ခိုင်မိုးလင်းက ရခိုင်လွပ်မြောက်ရိးတပ်မတော်ကို ဦးစီးပနာ (၁၉၇၂ ) မှာ ဦးစီးလှုပ်ရှားခပါရေ ။ AIO အဖွဲ့ မှာ ကချင်တော်လှန်ရီးနယ်မြီမှာ စစ်သတင်တန်းဖွင့်လှစ်ပနာ ရခိုင်ပြည်ကို ဆင်းလာဗီးကေ ဗိုလ်ခိုင်မိုးလင်း ဦးစီးရေ -ALP - စစ်ကြောင်းမှာ ကရင် တော်လှန်ရီးနယ်မြီဖက်က ဆင်းလာစော်ပါ။ AIO မှာ ဗ်ုလ်ချုပ်ထွန်းရွှေမောင် အပါအ၀င် တချို့  ရခိုင်ပြည်ဖက်ကို ရောက်ခကေလေး -ALP -မှ ဗိုလ်ခိုင်မိုးလင်း အပါအ၀င် တော်လှန်ရီးခရီးကြမ်း တိုက်ပွဲမှာ ကျဆုံးခရပါရေ ။ ယေကေလေး AIO မှာ အခုအချိန်ခါ လက်နက်ကိုင် တိကလေး မဟိရေပိုင် တပ်မတော်ပါ အဖွဲ့ ပါ ပျက်စီးလားခရပါရေ ။ ALP မှာ ဗိုလ်ချုင်မိုးလင်း ကျဆုံးလားကေလေး အခုအချိန်ထိ ရခိုင်နိုင်ငံတော်ပြန်လည် ရရှိရီးအတွက် တခုတည်းသော တပ်ပမတော်အဖြိုက်ရပ်တည်နိစော် တွိနီရပါရေ ။
ဗိုလ်ခိုင်ရာဇါ ဦးစီးရေ ရခိုင်တပ်မတော်မှာ အိန္ဒိယနိုင်ငံ လန်းဖေါကျွန်းကို လာရေ-ခရီးစိုင်မှာ လုပ်ကြံခံရလို့  ဗိုလ်ခိုင်ရာဇါအပါဝင် ခေါင်းဆောင်အချိန့် ကျဆုံးလားပနာ တချို့ မှာ အဖမ်းအဆီး ခံရပါရေ ။ အခုဆိုကေ ရခိုင်တပ်မတော်မှာ မဟိပါဗျန် ။
ရခိုင်နိုင်ငံတော်အတွက် လက်နက်ကိုင် အဖွဲ့ အစည်းတိ ဆောင်ရွက်သင့်ရေ နည်းလမ်း
ရခိုင်နိုင်ငံတော်ကို ပြန်လည်ရစီချင်ရေ ပါတီတိုင်း လက်နက်ကိုင်တော်လှန်ရီး အဖွဲ့ တိုင်းမှာ ရခိုင်လူမျိုးအဖွဲ့ အစည်းတိနင့်ရာ တပါတီ ဖြိုက်အောင် တပ်မတော် တခုတည်းဖြိုက်အောင် လုပ်ရဖို့  ဖြိုက်ပါရေ ။ ရန်သူလက်နက်ကိုင်ရို့ မှာ ရခိုင်နိုင်ငံအတွင်း တပ်ရင်းပေါင်းအများကြီး ချထားရေအတွက် ရခိုင်လူမျိုး လက်နက်ကိုင် အဖွဲ့ တိက ကွဲပြားနီကေ တခါချေလေး တိုက်လို့  မနိုင်ကြောင်း သိသာနိုင်ပါရေ ။ လက်နက်ကိုင်အဖွဲ့ တိမှာ တခုတည်းသော တပ်မတော်အဖြိုက် မပူးပေါင်းလားကေ ဇါသူတယောက်လေး လက်မခံပိုင် ရှုတ်ချစော်တိရာ ဖြိုက်ပါဖို့ ရာ ။ ဇါဘင်ဖြိုက်ဖြိုက် တော်လှန်ရီးတခုကတော့ခါ ဇါခါလေး အောင်မြင်မှု မရနိုင်စော်ကတော့ ကျမ်းသီပါရာ ။
နိုင်ငံရီးအရ ဆောင်ရွက်သင့်ရေနည်းလမ်း
နိုင်ငံတကာမှာ ရောက်နီရေ ရခိုင်လူမျိုးအဖွဲ့ အစည်းတိမှာ အမျိုးမျိုး ကွဲပြားနီစော် စိပါရေ ။ ယင်းအဖွဲ့ အစည်းတိက စုပေါင်းပနာ တဖွဲ့ တည်း ဖြိုက်အောင် လုပ်သင့်ပါရေ ။ တဦးချင်းအနီနင့် မျိုးချစ်ရခိုင်လူမျိုးပါလို့  ပြောနီကတ်ကေလေး စုပေါင်းပနာ အလုပ်လုပ်ဖို့  စော်ကိုတော့ခါ ပဇကပြောစော်ပိုင် လက်တွိမကျစော်တိ အများကြီး တွိရပါရေ ။ အထက်က တင်ပြခရေပိုင် ရခိုင်နိုင်ငံတော် ပြန်လည်ရရှိဖို့  လွပ်လွပ်ရီး လုပ်ခစော် အကြိမ်မှာ နှစ်ကြိမ်ရာ ဖြိုက်ခပါရေ ။ အခုအချိန်မှာဆိုကေ မျိုးဆက်သစ် ရခိုင်လူငယ်တိက ရခိုင်နိုင်ငံတော်သမိုင်းကို သိနားလည်လာကတ်တေအတွက် သင်ခဏ်းစာတိ ယူပနာ ဇါပိုင်လုပ်ရဖို့ လေး ဆိုစော်ကို နည်းလမ်းရှာဖွီရပါဖို့ ဗျန် ။
ရခိုင္ပညာတတ္တိ မြီးဖြါးရီး
နိုင်ငံတကာနင့် ယှဉ်ပြိုင်ပနာ အလုပ်လုပ်ပြဖို့ အတွက် ရခိုင်ကျောင်းသားချေတိကို ခေတ်ပညာတတ်မြောက်အောင် သင်ကြားပီးဖို့ လိုပါရေ ။ အင်္ဂလိပ်စာပီကို တတ်မြောက်ရေ လူငယ်တိ အများကြီး ပေါ်ပါက်ဖို့  လိုပါရေ ။ စီမံကိန်းနင့်အင်္ဂလိပ်စာတတ်မြောက်ရီး ဖေါင်ဒေးရှင်း လုပ်ပနာ ထိထိရောက်ရောက် လုပ်ရပါဖို့ ဗျန် ။ ဇါဖြိုက်လို့ ဆိုကေ ရခိုင်လူမျိုးတိက နိုင်ငံတကာက ခေါင်းဆောင်တိနင့် စကားပြောဖြိုက်လာဖို့  အခြီအနီ ဟိလာလို့ ပါရာ ။ ဒေချင့်ကို အောက်ပိုင်းမှာ ဖေါ်ပြလားရေအခါ သိလာကတ်ပါလိမ့်မေ။
ကုလသမဂ္ဂရုံးမှာ ကိုလိုနီဖျက်သိမ်းရီး ကော်မီတီကို ကြားနာပွဲအတွက် စာတမ်းတင်
အမေရိကန် နိုင်ငံ နယူးယောက်မြို့ မှာ ကုလသမ၈္ဂရုံးချုပ် ဟိပါရေ ။ ယင်းရုံးမှာ ကိုလိုနီဖျက်သိမ်းရီးကော်မီတီ ဆိုစော် ဟိပါရေ ။ ယင်းကော်မီတီမှာ ကြီးငါးကြီးလို့  ခေါ်ရေ လုံခြုံရီးကောင်စီက နီပနာ ကိုင်တွယ် လုပ်စော်လေး ဖြိုက်ပါရေ ။ လုံခြုံရီးကောင်စီ ဖြိုက်လို့ လေး လူ့ အခွင့်အရီး ချိုးဖေါက်ခံရမှုအဖြိုက်အပျက်တိနင့် ပါတ်သက်ကေ ကြားနာစစ်ဆီးစော်တိ ဟိပါရေ ။ လွန်ခရေ - ၁၉၉၄-ခုနှစ်က -- က Palau - နိုင်ငံက လွပ်လွပ်ရီး ရလားခပါသိရေ ။ ဖေါ်ပြထားရေ ၀ပ်ဆိုက်ကို ကြည့်လိုက်ကေ သိကတ်စော်ပါရာ ။
http://www.un.org/en/mainbodies/trusteeship/
ယေကေ ဒေချင့်ကို ဇါပိုင် လုပ်ရပါဖို့ လေး

၁----- ကိုလိုနီဖျက်သိမ်းရီးကော်မီတီကို တိုင်ကြားဖို့  အတွက် ရခိုင်နိုင်ငံကို ကိုယ်စားပြုရေ လက်နက်ကိုင် အဖွဲ့ အစည်း နင့် နိုင်ငံရီးပါတီ လိုပါရေ ။
၂ ----- ရခိုင်ပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားကို ထင်ဟပ်စီဖို့  သဘောထား လက်မှတ်တိ လိုအပ်ပါရေ ။
၃------ ရခိုင်သမိုင်းဆိုင်ရာ အချက်အလက်တိကို တင်ပြနိုင်ဖို့  ရခိုင်လူမျိုးကို ကိုယ်စားပြုရေ ရခိုင်သမိုင်းသုတေသီရို့ လိုပါရေ ။
၎------- ခေတ်-၅-ခေတ်၏ ရခိုင်လူမျိုး သမိုင်းကို တင်ပြနိုင်ဖို့  လိုပါရေ ။
၅------- ဒေပိုင်တင်ပြနိုင်ဖို့  အတွက် အင်္ဂလိပ်စာတတ် နိုင်ငံတကာက ရခိုင်လူမျိုးတိက ညီလာခံတရပ်ကျင်းပဗျန် လုပ်လားရဖို့  ဖြိုက်ပါရေ ။
၆ ------- ကုလသမဂ္ဂက ထုတ်ပြန်ထားရေ လူ့ အခွင့်အရီးအခြီခံ ဥပဒေအချက်ကို တင်ပြရပါဖို့ ဖြိုက်ပါရေ
ဒေအချက်တိကို စုစည်းပနာ
ရခိုင်လူမျိုးကို ကိုယ်စားပြုရေ ရခိုင်နိုင်ငံတော် ပြန်လည်ရရှိရီး အဖွဲ့ က ကုလသမ၈္ဂ ရုံးချုပ်ရှိ ကိုလိုနီဖျက်သိမ်းရီးအဖွဲ့ ကို တင်ပြရပါဖို့ ။ လွန်ခရေ -၆၄- နှစ်က မြန်မာနိုင်ငံကို လွပ်လွပ်ရီးခစော်မှာ ဗြိတိသျအစိုးရက လွပ်လွပ်ရီးပီးခစော် မှားရေ ဆိုစော် အကြောင်း အလှပလှ ရီးပနာ အချက်အလက် ခိုင်ခိုင်လုံလုံနင့် တင်ပြဖို့  လိုပါရေ ဒေ။ ယင်းပိုင်တင်ပြဗြီးကေ ၇ခိုင်နိုင်ငံတော်ကို ကိုလို နီလုပ်ထားရေအတွက် ဖျက်သိမ်းပီးဖို့  တောင်းဆိုစော်ဖြိုက်ကြော်ငး ရှင်းရှင်းလင်းလင်း တင်ပြဖို့  လိုပေါရ ။ ကုလသမဂ္ဂက ထုတ်ပြန်ထားရေ လူ့ အခွင့်အရီး ကြီညာချက် အခြီခံ ဥပဒေ-၃၀-မှာ နိုင်ငံ တနိုင်ငံကို တနိုင်ငံက ကိုလိုနီ မလုပ်ရ ။ လူမျိုးတမျိုးကို လူမျိုးတမျိုးက ကျွှန်အဖြစ် မလုပ်ရလို့  ဥပဒေမှာ ဖေါ်ပြထားပါရေ ယေ ။ ဒေအချက်ကို အလှပလှ ပေါ်လွင်အောင် ရီးပနာ ကြားနာစစ်ဆီးဖို့  တောင်းဆိုရဖို့ စော်ဖြိုက်ပါရေ ။ ယင်းပိုင်တောင်းဆိုစော်မှာ အဂ်လိပ်စကားတတ် မျိုးဆက်သစ် လူငယ်တိက ရခိုင်နိုင်ငံတော်ကို ကယ်တင်ဖို့ စော်မှာ အဓိက နီရာက တာဝန်ဟိပါရေ ဒေ ။
ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးစစ်တမ်း
ကိုလိုနီဖြိုက်နီသော ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိစီဖို့  လက်နက်ကိုင် တော်လှန်ရီး လိုအပ်ပါရေ ။ တချိန်ထဲမှာ နိုင်ငံရီးပါတီတိကလေး လိုအပ်ပါရေ ။ အဖွဲ့ တိကလေး တဖွဲ့ တည်းဖြိုက်အောင် လုပ်ကတ်ရပါဖို့ ဒေ ။ လက်နက်ကိုင်အဖွဲ့ ကလေး လွပ်လွပ်ရီးအတွက် တိုက်ပွဲဝင်နီစော်ဖြစ်တေပိုင် ရခိုင်လူမျိုး အဖွဲ့ တိကလေး ကိုလိုနီဖျက်သိမ်းရီးအတွပ်ရာ လွပ်လွပ်ရီးလိုရေ အဖွဲ့ ဖြစ်ရပါဖို့ ကာ ။ ယေမှာရာ ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးစစ်တမ်းကို ကုလသမဂ္ဂရုံးရှိ ကိုလိုနီဖျက်သိမ်းရီးကော်မီတီမှာ ကြားနာဖို့ အတွက် တင်ပြရေအခါ ထိရောက်မှု ဟိလာပါဖို့ ဒေ။ ရခိုင်နိုင်ငေံတော်လွပ်လွပ်ရီးစစ်တမ်းကို တင်ပြဖို့ စော်မှာ အဓိက လိုအပ်တေအချက်တိမှာ ရခိုင်သမိုင်းဆိုင်ရာအချက်အလက်တိနင့် တင်ပြရပါဖို့ ။
လူထုတရပ်လုံးက တောင်းဆိုရေ ညီလာခံ ကျင်းပရီး
ဒေပိုင်အခြီအနီတိကို ဖြစ်ပေါ်လာဗျန်ဆိုကေ လူထုတရပ်လုံးပါဝင်ရေ ညီလာခံ တခုကို ကျင်းပနိုင်ကတ်ဖို့ အတွက် အရီးကြီးလာပါရေ ။ ယင်းပိုင်လုပ်လာစော်မှာလေး လုပ်ထုံးလုပ်နည်း ဥပမာ ပေါ်လီစီတိကို ရန်သူတိသိအောင် တခုချေလေး ဖေါ်ပြဖို့  မလိုရေပိုင် ကိုယ်ရို့  တိုင်သားတိရာ သိအောင် လုပ်ရဖို့  ဖြစ်ပါရေ ။ ယေမှရာ ရခိုင်လူထုတရပ်လုံးက လိုချင်ရေအတွက် ကုလသမဂ္ဂရုံးရှိ ကိုလိုနီဖျက်သိမ်းရီးကော်မီရုံးမှာ ကြားနာပွဲကို ရရှိနိုင်အောင် တင်ပြရစော်ဖြစ်ကြောင်း သိကတ်ပါဖို့ ဒေ။

ခိုင်အောင်ကျော် ( နယူးယောက်)
အမေရိကန်ပြည်ထောင်စု
www.un.org

ခိုင် မင်း ညို

 
Blogger Widgets