You Are Here: Home - သတင်း - ထိုင်းနိုင်ငံက၂၂၇ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရေနိ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရော်ဂျီရာဟိုတယ်မှာ ကျင်းပပြုလုပ်ဖို့စီစိုင်ထားရေ ရခိုင့်ဘုရင့်အချုပ်အခြာအာဏာကျဆုံးရေနိအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် ထိုင်း-မြန်မာနယ်စပ် အခြီးစိုက် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်အလုပ်သမားသမဂ္ဂ(AWU)၊ ရခိုင်မျိုးချစ်အင်အားစု(APF)၊ ရခိုင်အမျိုးသမီးသမဂ္ဂ(RWU)၊ ရခိုင့်ဘုရင့်မျိုးဆက်သစ်လူငယ်များအဖွဲ့(AKNG)၊ အပါအ၀င် အခြားအဖွဲ့အစည်းတိ အေနိ နိခင်းဖက် (၁)ချက်တီမှာ ပြုလုပ်ကျင်းပဖို့ကြိုတင်စီစိုင်ထားခကေလည်း မိုးသောက်ဖက် (၁၁)ချက်တီကစပြီးကေ ထိုင်းအာဏာပိုင်တိက ကျင်းပခွင့်ကို မပီးဘဲ ပိတ်ပင်လိုက်ပါရေ။ ယင်းပိုင်ပိတ်ပင်ရရေ အကြောင်းအရင်းမှာ ထိုင်းအာဏာပိုင်များနန့် နီစပ်တေ အသိုင်းအ၀ိုင်းပြောဆိုချက်အရ ၁၉၉၉ ခုနှစ်က အောက်တိုဘာလ(၁)ရက်နိက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟိ မြန်မာသံရုံးကို ၀င်ရောက်စီနင်ခရေ စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်များအဖွဲ့က အဖွဲ့ဝင်ဟုယူဆရရေ လူသုံးယောက်ကို မဲဆောက်မြို့မှာ ဖမ်းဆီးရမိရေအတွက်နန့် ကျင်းပဖို့စီစိုင်ထားရေ အခမ်းအနားကို ပိတ်ပင်လိုက်ရခြင်းဖြိုက်ကြောင်း လေးဝတီသတင်းဌာကို ပြောပြလားပါရေ။ ယင်းပိုင်ဖြိုက်လို့ အခြားအဖွဲ့အစည်းတိက ကိုယ်ရို့နိုင်သလောက် ၂၂၇ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးရေနိတိကို ကိုယ်ရီု့အဖွဲ့အသီသီတိမှာ ပြုလုပ်လားရေလို့ သိရပါရေ။ သဇင်တန် ဘုန်းကြီးကျောင်းနန့် ရခိုင်ကျောင်းသားလူငယ်များအစည်းအရုံး(AASYC) ရို့မှာ ကျင်းပခရေလို့ သိဟိရပါရေ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဟိရေ ရခိုင်ဝံသာနုစာပီအသင်းနန့် အ၀ီးရောက် ရခိုင်သားတိက စုပေါင်းပြီးကေ မြဘုရားအနားက Royal Hotel မှာ အောင်မြင်စော်ကျင်းပလားရေဖြိုက်ကြောင်းကိုလည်း စုံစမ်းသိဟိရပါရေ။

ထိုင်းနိုင်ငံတောင်ပိုင်း ဒေါင်းစက်မြို့ စူးရဌာနီ ခရိုင်မှာဟိရေ အ၀ီးရောက် ရခိုင်သားတိ စုပေါင်းပြီးကေ ဒေနိ မိုးသောက်ကပင် အောင်မြင်စွာကျင်းပလားကြောင်းကိုလည်းသိဟိရပါရေ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်မြို့ဟိ လေးဝတီသာရေးနာရေးအသင်းဦးဆောင်ပြီးကေ အခမ်းအနားကို ကျင်းပလားကြောင်းကိုလည်း သိဟိရပါရေ၊ 
 
http://www.laywaddyarakan.com/2011/12/blog-post_7547.html
Blogger Widgets