You Are Here: Home - သတင်း , အမျိုးသားရီး - Arakan Freedom Movement Committee – AFMC ''ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မီတီ”တရပ်ဖွဲ့စည်း

 
 
ဒီဇင်ဘာ ၂၈။ ။လွန်ခရေ ဒီဇင်ဘာ ၂၆ ရက်နိန့်က ဘဂ်လာဒေခ်ျ့ နိုင်ငံ
ကောဆ်ဘာဇာ ခေါ် ဖလောင်းချိတ် မြို့ မှာ ရခိုင်တိုင်းချစ်ပြည်ချစ်
မျိုးချစ်များ စုပေါင်းဗြီးကေ ” Arakan Freedom Movement
Committee – AFMC ''ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု
ကော်မီတီ”တရပ်ကို အောက်ဖေါ်ပြဘာ လူတိနန်
့ဖွဲ့စည်းထားကတ်ကြောင်းသတင်းရရှိဘာရေ။
ရခိုင်ပြည်ကိုလိုနီစနစ်ဖျက်သိမ်းရေး
အလုပ်အမှုဆောင်တာဝန်ရွီးချယ်ရန်တက်ရောက်လာသူများအထဲမှ ၉၅ ရာခိုင်နှုန်းသောအများဆန္ဒမဲဖြင့်အောက်ပါပုဂ္ဂိုလ်များကိုအောက်ပါအတိုင်းရွီးချယ်ခဂတ်ပါသည်။
၁။ သဘာပတိအဖွဲ့ 
(၁) ဦး စန္ဒာဝရ
(၂) ဦး ခိုင်အာဏာနီ

၂။ ဥက္ကဌ
ဦး ဖိုးလှ
၃။ အတွင်းရေးမှူးအဖွဲ့ 
(၁) ဦးထွန်းလှိုင် - အတွင်းရေးမှူး ---------- ၁
(၂) ဦး ရက္ခ၀ံသ - အတွင်းရေးမှူး ----------- ၂
၎။ ဘဏ္ဍာရေးမှုး
ဦး စန္ဒာဝရ
၅။ စည်းရုံးရေးနှင့်ပြန်ကြားရေး
(၁) ဦးရက္ခ၀ံသ
(၂) မစောမြတ်မွန်
၆။ EC အဖွဲ့ ဝင်များ
(၁) မသန္ဒာ
(၂) ဒေါ်စိန်ယိုင်ဖြူ
(၃) ဦး စိုးသိုက်
(၄) ဦး သာသာမောင်
(၅) ဦး ကျော်ခိုင်
(၆) ဦး မောင်အေးချမ်း
(၇) ဦး ခိုင်ပန်းအောင်
(၈) ဦး ခိုင်ကျော်ခိုင် ရို့ ဖြစ်ကတ်ဘာရေ။
ဒေပိုင် ဖွဲ့ စီးထားရေ ကော်မီတီက ထိပ်တန်းတာဝန်ခံ ဥက္ကဌ ဦးဖိုးလှ ကို
လေးဝတီသတင်းဌါန ဘဂ်လာေးခ်ျ့ တာဝန်ခံ ခိုင်ဥက္ကာပျံ(ရခိုင်ရိုးမ) က
ဆက်သွယ်မီးမြန်းထားစွာမှာ
ခိုင်ဥက္ကာပျံ။ ။ မဂ်လာဘာ ရှိခိုးဘာယင့် ဆရာ
ဥက္ကဌ ဦးဖိုးလှ။ ။ မဂ်လာဘာ
မိန်း။ ။လူကြီးမင်းရို့ အနိန်နန့် ဇာကြောင့်  ဒေပိုင် ကိုလိုနီစနစ်ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖေါ်ရစော်ဘာလေး။
ဖြေ။ ။ရခိုင်လူမျိုးဆိုစွာ နှစ်ပေါင်း ၅ ထောင်ကျော် မာရယု မင်းမှသည် မဟာသမတရာဇာ မင်းအထိ ဘုရင်မင်းမြတ်ပေါင်း ၂၅၀ ကျော်ဖြင့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့  ၊ မြောက်ဦး ခေတ်ကြီး ၄ ခေတ်နန့်ကမ္ဘာ့ အလယ်မှာ ထယ်ဝါကြီးကျယ်ခရေ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးဖြစ်ပါရေ။ ဒေကြီးကျယ်ခရေ ရခိုင့် ဘုရင့် နိုင်ငံတော်ရေ မကြေငြါသောနယ်ချဲ့ ဗမာ ဘုရင်မောင်ဝိုင်း၏ ကျူးကျော် စစ်ကြောင့် ၁၇၈၄ ခု ဒီဇင်ဘာလ ၃၁ ရက်နိန့်မာ ထီးကျိုးစည်ပေါက် ဖြစ်ပြီးကေ ဗမာ ကျူးကျော်သူ နယ်ချဲ့ လက်အောက်ကို ကျရောက်ခရပါရေ။
ရခိုင့် ကိုလိုနီ ကျွန်ဘ၀ကို အကျဉ်းရုံး ဖော်ပြရပါကေ-
(၁) ပထမ ဗမာနယ်ချဲ့ပါးမာ ၁၇၈၄ က ၁၈၂၆ ထိ -----------၄၂နှစ်
(၂) ဒုတိယ အင်္ဂလိပ် နယ်ချဲ့ ပါးမာ ၁၈၂၆ က ၁၉၄၂ ထိ ………-၁၁၆ နှစ်
(၃) တတိယ ဖက်ဆစ် ဂျပန်ပါးမာ ၁၉၄၂ က ၁၉၄၅ ထိ …-------….၃ နှစ်
(၄) စတုတ္ထ အင်္ဂလိပ် ဘားမာ တဖန် ၁၉၄၅ က ၁၉၄၈ ထိ ……----.၃ နှစ်
(၅) ပဉ္စမ ဗမာ နယ်ချဲ့ဘားမာ တဖန် ၁၉၄၈ က ၂၀၁၁ ဒေနိန့်ထိ ၆၃ နှစ်
အားလုံး စုစုပေါင်း
-----------------၂၂၇ နှစ်ကြာပါဗျာ။
ဗမာ နယ်ချဲ့ဘားမာ အယင်က .။------------၄၂နှစ်
နှောက် ဒေနိန့်ထိ---------------------------- ၆၃ နှစ် အားလုံးပေါင်း
၁၀၅ နှစ်ရှိပါလီဗျာလ်။
နယ်ချဲ့ဟူသမျသည် သူရို့၏ အကျင့်စရိုက်နှင့် အညီ -
(က) နိုင်ငံရေးအရ ----------------------------------နယ်ချဲ့ခြင်း (ခ) စီးပွာရေး အရ ---------------------------------လက်ဝါးကြီးအုတ် ဂုတ်သွီးစုတ်ခြင်း
(ဂ) ယိုင်ကျေးမှုအရ --------------------------------မြီလှန်ဖျက်ဆီးခြင်း
( ဃ) လူမျိုးရေးအရ
-------------------------------သွီးနှောဝါးမျိုခြင်းနှင့် ရခိုင်ပြည်၏ မြီတွင်းမြီပေါ်၊ရီအောက်၊ တန်ဖိုးမဖြတ်နှိုင်ရေ သဘ၀ ဓာတ်ငွေ့  အပါအ၀င် နှောက်ဆုံး လူခွန်ကိုပါ ကောက်ယူဂုတ်သွီးစုတ်နိန်ကတ်ခြင်းကြောင့်  ရခိုင်ပြည်သူရို့၏ ဘ၀ကား ဆင်းရေးတွင်းနက်သထက်နက်ပြီးကေ ကိုလိုနီ နယ်ချဲရို့ ၏ ဆိုကျိုးဟူသမျှကို ခါးစည်းခံနိန်ကတ်ရစွာပါ ။ ယင်းကြောင့် ကိုလိုနီကျွန်ဘ၀က လွတ်မြောက်ဖို့ အကြမ်းမဖက်တေ တိုက်ပွဲသဏ္ဍာန်ကို ဖော်ထုပ်ရစွာ ဖြစ်ပါရေ။
မိန်း။ ။ ဒေပိုင်ဆန္ဒ ထုတ်ဖေါ်စော်ကို ပြည်တွင်းပြည်ပ-ရခိုင်လူမျိုးတိက လက်ခံကတ်ဖို့  ထင်ဘာယင့်လား
ဖြေ။ ကျူးကျော်သူနယ်ချဲ့ရို့အဓမ္မသိမ်းပိုက်ထားရေမိမိရို့အဖိုးအဖီးပိုင်ရေ မြီကို ပြန်လည်ရယူဖို့။ဆုံးရှုံးနိန်ရေ အချပ်အချာအာဏာ ၃ ရပ် (ဥပဒေ ပြုစုခွင့်၊ တရားစီရင်ခွင့်၊ အုပ်ချုပ်ခွင့်)ကိုပြန်လည်ရယူဖို့ ကြိုးစားရေ ရုန်းကန်မှုကို ရခိုင်သားအများစုက ခိုင်မာစွာ ထောက်ခံရေလို့ ယုံကြည်ပါရေ။ အကြောင်းက ၁၉၉၀ ကမ္ဘာသိ ရွီးကောက်ပွဲမာ ရခိုင် ဒီမိုကရေစီ အဖွဲ့  Arakan League For Democracy –ALD ရခိုင်ပြည်မာ အနိုင်ရစွာ၊ ၂၀၁၀ ရွီးကောက်ပွဲမာ ရခိုင့်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ Rakhine Nationalities Development Party- RNDP အနိုင်ရစွာရေ ရခိုင်သားတိ သူရို့ဖော်ပြနိုင်ရေ ဘောင်အထဲက ရခိုင်ပြည် လွတ်လတ်ရေး တောင်းစွာလို့ ကျနော်ရို့ ခိုင်ခိုင်မာမာ နားလည်ထားပါရေ။
မိန်း။ ။ဒုတိယပင်လုံညီလာခံ လုပ်ဖို့  စော်ကို ဇါပိုင်မြင်ဘာရေလေး-
အဖြေ၊။ ။အတိုချုပ်ပြောရကေ ပင်လုံညီလာခံဆိုစွာ ဗမာတိက ဗမာပြည်ဆိုရေ တိုင်းပြည်လွတ်လတ်ရေး ရဖို့အတွက် ဗမာမဟုတ်တေ အခြားလူမျိုး( ရှမ်း၊ ချင်း၊ ကချင်၊ကရင်၊ ကယား၊ မွန်၊ ရခိုင်) တိကိုလှဲ့ စားစည်းရုံးခရေ၊အသုံးချခရေ နည်းဗျူဟာ တရပ်ရာ ဖြစ်တေ၊ လက်တွိ အကောင်အထည်ဖော်ဖို့မဟုတ်ပါ မည်သည့်အချိန်အခါကလဲ အကောင်အထည်မဖော်ခ နောင်ကိုလဲ ဖော်လီဖို့မဟုတ်ပါ။ ယင်းကြောင့်  ဒုတိယ ပင်လုံညီလာခံဆိုစွာလည်း ဒေပုတ်ထဲက ဒေပဲလို့ရာ မြင်ပါရေ။
မိန်း။ ။ရခိုင်လက်နက်ကိုင်အဖွဲ့ တိက လွတ်လွပ်ရီးအတွက် အမှန်လုပ်ဖို့  လိုကတ်ပါယင့်လား
ဖြေ။ ။၁၇၈၄ ဗမာနယ်ချဲ့ဘားမာ ကျရောက်တေလောက်ကပင် ဒေနိန့်ထိ တဗိုလ်ကျတဗိုလ်တက်စနစ်နန့် ရခိုင်ပြည်ကို ပြန်လည်ထူထောင်နှိုင်ဖို့ကြိုးစားကတ်တေရခိုင့်သူရဲကောင်းတိ၏ဘ၀အသက်တိကားမရွီမ တွက် နှိုင်အောင်ပီးဆပ်လီကတ်ပါဗျာလ်၊ သို့သော် ဒေနိန့်ထိ မြင့်တခါနိမ့်တလှည့်နန့် ရခိုင့်သူရဲကောင်းရို့၏ ဓါးကို ဓါးချင်း လှံကို လှံချင်းတော်လှန်လာရေ တိုက်ပွဲရေ ၂၂၇ နှစ်ကြာလာသည့်တိုင်အောင် လုံးဝအဆက်မပြတ် သိမ့်ပါ၊ မလွတ်လပ်မချင်းလည်း တိုက်ပွဲကားအဆက်ပြတ်လီဖို့မဟုတ်ပါ။ ဒေအချက်ရေ လက်နက်ကိုင်မပါဘဲ ရခိုင်ပြည်လွတ်လပ်ရေး မရနှိုင်ဆိုစွာကို ရခိုင်သားတိသက်သီပြနိန်ကတ်ခြင်းဖြစ်ပါရေ။ “အသက်ကိုလှီးသွီးချောင်းစီးမှ အပြီးကြံ့ ခိုင်၊ နိုင်ငံတိုင်းမြို့ ၊အစို့ စို့ ကို၊ ရလီဖူးခ၊ ဤလောကသည်၊ အောက်ကျမခံချင်သောကြောင့်” လို့ ဂေါင်းဆောင်ကြီးရို့ အခိုင်အမာ မိန့်ဆိုထားခရေမဟုတ်ပါလား။
မိန်း။ ။ အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိက ဗမာ(စစ်)အစိုးရနန့် ငြိမ်းချမ်းရီးဆွီးနွီးနီကေ ရခိုင်လက်နက်ကိုင်(ပါတီ) အဖွဲ့ တိက ဆွီးနွီးဖို့  လိုအပ်တေလို့ ယူဆဘာယင့်လား
ဖြေ။ ။တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တိ ဗမာစစ်အစိုးရဆိုစွာနန့်ငြီးချမ်းရေးဆွေးနွေးနိန်ကတ်တေ ဆိုစွာရေနည်းဗျူဟာအရအင်အားအနည်းအများပေါ်မူတည်လို့ နိုင်ငံရေးကဇတ်ဝိုင်းတိရာဖြစ်ပါရေ ရခိုင့်လက်နက်ကိုင်အင်အားစုတိ ငြီးချမ်းရေးဆွေးနွေးပွဲလုပ်ဖို့မလုပ်ဖို့ ကားသူရို့အလုပ်ပါ။ ကျနော်ရို့အလုပ်မဟုတ်ပါ။ သို့သော် ကျနော်ရို့အမြင်ကိုပြောရဖို့ဆိုကေ ရခိုင့်လက်နက်ကိုင်အင်အားတိ ယင်းပိုင်လုပ်လီဖို့မဟုတ် လို့မြင်ပါရေ။ မိန်း။ ။နာက်ဆုံး ရခိုင်ပြည်သူတိကို ဇာပြောရှင်ဘာရေလည်း
ဖြေ။ ။ဒေအခွင့်အရေးကိုပီးရေအတွက်ကောင်းကောင်းကျေးဇူးတင်ပါရေ နှောက်ဆုံးအနိန်နန့် ရခိုင်ပြည်သူတိကို ပြောချင်စွာက ရခိုင်သားကျွန်ဖြစ်စွာ (၂၂၇) နှစ်ဖြစ်ပါဗျာလ် ကျွန်ဆိုစွာ ကိုယ့်ကြမ္မာကိုကိုယ်မဖန်တီးနှိုင်ရေလူကိုပြောစွာပါ၊ ကျနော်ရို့ရခိုင်သားတိ ကိုယ့်ကြမ္မာကိုကိုယ်ဖန်တီးပိုင်ခွင့်အားလုံးကို နယ်ချဲ့ဗမာတိအဓမ္မသိမ်းယူထားစွာ (၁၀၅) နှစ်ဖြစ်လီပါ ဗျာလ် ဒေကျွန်ဘ၀ကလွတ်မြောက်ပြီးကေ ဖေါ်ပြခရေ အချုပ်အချာအာဏာ (၃) ရပ်ကို ပြန်လည်ရ ယူလို့ ကိုရို့ရခိုင်သားကံကြမ္မာကို ကိုယ်ရို့ကိုယ်တိုင်ဖန်တီးဖို့လက်နက်မကိုင်ရေဒေလှုပ်ရှားမှု...............
“ရခိုင်ပြည်လွတ်လပ်ရေး ငရို့အရေး---- ငရို့အရေး ”
“ရခိုင်ပြည်လွတ်လပ်ရေး ငရို့အရေး ---- ငရို့အရေး”
ဆိုရေ ကြွီးကြော်သံနန့် နိုင်ငံတကာအလိုက် တိုက်ပွဲဝင်လားကတ်ဖို့ကျနော်ရို့ “ရခိုင်ပြည်လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ” Arakan Freedom Movement Committee – AFMC တိက စိုင်းပြင်းနိန်ကတ်ပါရေ၊ ဒေတိုက်ပွဲမာအထူးသဖြင့်နိုင်ငံတကာရောက် ရခိုင်သားတိအနိန်နန့် ရောက်တေနိန်ရာက ကျရေတာဝန်ကို တပိုင်တနိုင်ပါဝင်ကတ်ပါလို့ အထူးလည်း စားစွာနန့်တိုက်တွန်းလိုက်ပါရေ။ ကျနော်ရို့၏ဥပဒေဘောင်အတွင်းက လက်နက်မကိုင်ရေ ရခိုင်ပြည်လွတ်မြောက်ရေးတိုက်ပွဲရေ လက်နက်ကိုင်တော်လှန်ရေးနန့်ဖွေးသာတခတ်မာ ဂေါင်းနန့် ပန်းပိုင် ခွဲခြားလို့မရပါ တသားတည်းရာ ဖြစ်ပါရေ။ ယင်းကြောင့် ကမ္ဘာ့လူသားတိအလည်မာ ရခိုင်လူမျိုးရေလွတ်လပ်တေလူမျိုးတမျိုးအဖြစ်ဂုဏ် သရေရှိရှိပြန်လည်ရပ်တည်နိုင်ဖို့အားလုံးပူးပေါင်းပါဝင်ကတ်ပါလို့လေးစားစွာတိုက်တွန်းလိုက်ပါရေ။ ။ ခိုင်ဥက္ကာပျံ။ ။ဒေပိုင်မအားလပ်တေကြားထဲက ဖြေကြားပီးရေအတွက် ဆရာနန့်အတူ အားလုံးကို လေးဝတီဝိုင်းတော်သားတိကိုယ်စား အထူးကျေးဇူးတင်ရှိပါရေ။ ယင်းကော်မီတီအဖွဲ့ ကို အမြဲတမ်းဘဂ်လားဒေခ်ျနိုင်ငံမှာ ဆက်လို့ တာဝန်တိထမ်းဆောင်လားကတ်ဖို့  ဖြစ်ဗြီးကေ လာဖို့ ဒီဇင်ဘာ (၃၁)ရက်နိန်မှာ ဆန္ဒပြချီတက်ဖို့ လို့ လည်း သတင်းရရှိဘာရေ။
ခိုင်ဥက္ကာပျံ (ဘဂ်လာဒေခ်ျ့ )
အေပို့စ်ရေ လေးဝတီ က မီးမြန်အင်တာဗျူခြင်းသာဖြိုက်ပါရေ။
မျိုး ဆက်သစ်
 
Blogger Widgets